1

သီလကိုလုံခြုံအောင် စောင့်ထိန်းနိုင်သဖြင့် သီလရှိလာသည်နှင့်အမျှ သီလရှိသူ၏ တောင့်တမှုဟူသမျှသည် ပြည့်စုံ၏။
Myspace Layouts

ညီမလေးယုကြီး (ယုကြီးဆိုလို့ တမျိုးမထင်နဲ့အုံးနော် .. ယုလေးဆိုတဲ့ ညီမလေးတစ်ယောက်ရှိသေးလို့) က ကိုယ့်ကိုယ်ကို အမုန်းဆုံး ၁၀ချက် တဲ့ .. လာပြီးတက်ဂ် ထားလို့ ကျမမှာက ကိုယ့်ကိုယ်ကို အမုန်းဆုံး အချက် က အရမ်းများလွန်းလို့ ... အမုန်းဆုံးအချက်တွေကို နှစ်ရက်လောက် အချိန်ယူပြီး စဉ်းစားလိုက်ရတယ် .. ကဲ ညီမလေးယုရေ .... အမုန်းဆုံးအချက်တွေကို စရေးပြီနော ...

1. ယုံလွယ်တယ် (ကိုယ်အရမ်းသံယောဇဉ်ရှိတဲ့သူက ပြောရင် မစဉ်းစားပဲ ယုံပစ်လိုက်တာပဲ. ပြီးကျရင် ပြဿာနာတွေလိုက်ရှင်းရလည်း အမှတ်မရှိတတ်ပါဘူး.. ယုံပစ်လိုက်ပြန်တာပဲ)

2. စိတ်ထဲမှာ မှန်တယ်ထင်ရင် နောက်မဆုတ်တတ်ဘူး.. ဘာပဲဖြစ်ဖြစ် ဇွတ်တိုးပစ်တတ်တယ်။

3. စိတ်တိုရင် ဘယ်သူ့နဲ့မှစကားမပြောချင်ဘူး (အဲအချိန်မှာ စကားလာပြောတဲ့သူရှိရင် ဘုတော လွတ်တယ်)

4. ကွန်ပျူတာနဲ့ ပရိုဂရမ်ရေးနေရရင် ထမင်းမေ့ဟင်းမေ့ (ရည်းစားလည်း) မေ့တတ်ပါတယ်။

5. အလှူ၊ မင်္ဂလာဆောင်လို ဟန်ဆောင်မှုတွေများတဲ့နေရာ(ကျမအထင်) တွေကို လုံးဝမသွားချင်ပါဘူး၊

6. မနက်အိပ်ရာစောစောထရမှာ အရမ်းပျင်းပါတယ်။

7. အရမ်းအားနာတတ်တယ် .. ဘယ်လောက်ထိအောင်လဲဆိုရင် ငယ်ငယ်က အိမ်က အကြွေးတောင်းခိုင်း လိုက်ရင် (တစ်ခါမှ) အကြွေးမရဘူးတဲ့အပြင် နောက်တစ်ခါလမ်းမှာ အဲလူကိုတွေ့ရင် ကိုယ်ကမျက်နှာပူလို့ ကိုယ်ကအရင် ရှောင်ပြေးပါတယ်။

8. အစားအသောက် အရမ်း ဂျီးထူပါတယ်.. မကြိုက်လို့ကတော့ လုံးဝတို့မကြည့်ပါဘူး။

9. အိပ်ရေးဆတ်လွန်းခြင်း၊ နိုးပြီးပါကလည်း ပြန်အိပ်မပျော်တတ်ခြင်း။

10. စိတ်ဓါတ်ပျော့ညံ့ခြင်း။ (တီဗွီဇတ်လမ်းကြည့်တဲ့အခါ ငိုစရာအခန်းများကိုကြည့်မိပါက လိုက်၍ ငိုတတ်ခြင်း. )

မနည်းကို စဉ်းစားလိုက်ရတယ်... မကောင်းတကာ့ မကောင်းဆုံးအချက်တွေကို .. ကဲရေးပြီးပြီနော် .. ညီမလေးယုကြီး စိတ်ချမ်းမြေ့ပါစေ။


1 Comment:

  1. ♥ Acacia ♥ said...
    ဟေး ၉န၀င်းမိုးအလင်း :P

Post a Comment