1

သီလကိုလုံခြုံအောင် စောင့်ထိန်းနိုင်သဖြင့် သီလရှိလာသည်နှင့်အမျှ သီလရှိသူ၏ တောင့်တမှုဟူသမျှသည် ပြည့်စုံ၏။
Myspace Layouts

အဓိပ္ပါယ်ရှိသောကဗျာ

နှစ်ပေါင်းများစွာ ငြိမ်းချမ်းခြင်းတရားကို
ငါရှာခဲ့ပါတယ်
ငါတွေ့ရတာတွေကတော့ စိတ်လှုပ်ရှားမှုတွေ
နာကျည်းမှုတွေသာပဲ
မိုက်မဲခြင်းတွေကိုလဲ တွေ့ခဲ့တယ်
အထီးကျန် ဆင်းရဲကိုလဲ တွေ့ခဲ့တယ်
အထီးကျန်တဲ့စိတ်က ငါ့အသည်းနှလုံးကို တမြည့်မြည့်
ဝါးချေနေတာလဲတွေ့ရတယ်
ဒါပေမယ့် ငြိမ်းချမ်းခြင်းရားကိုတော့ ငါမတွေ့ခဲ့ရဘူး
အခုတော့ အသင်တွေလဲကြီးလို့ သေခါလည်းနီးပြီ
မင်းနဲ့ငါ မေတ္တာမျှကြလို့ အတူနေခဲ့ကြတယ်
အခုလဲ နေကြဆဲပဲ
မင်းနဲ့အတူနေစဉ် ကာလအတွင်းမှာ
ကြည်နူးမှုတွေ ငြိမ်းအေးခြင်းတွေကို တွေ့ခဲ့ပါတယ်
အနားယူခြင်းသဘောကို ငါသိပြီ
အထီးကျန် ဘ၀အဖြစ်နဲ့ နေလာခဲ့တာ ကြာလေတော့
ဘ၀ဆိုတာ ဘာလဲ မေတ္တာဆိုတာ ဘာလဲဆိုတာ ငါသိပြီ
အခုငါအိပ်ပျော်သွားရင်
အပြီးတိုင်ပဲ အိပ်ရတော့မယ်။


ဒဿနပညာရှင်ကြီး ဘာထရန်ရပ်ဆယ် သည် ဇနီးဖြစ်သူ အီဒစ် သို့ ရည်ညွှန်း၍ ..

0 Comments:

Post a Comment