1

သီလကိုလုံခြုံအောင် စောင့်ထိန်းနိုင်သဖြင့် သီလရှိလာသည်နှင့်အမျှ သီလရှိသူ၏ တောင့်တမှုဟူသမျှသည် ပြည့်စုံ၏။
Myspace Layouts

လွမ်းတယ် ...လွမ်းတယ်..လွမ်းတယ်..
ကို့ ကို အရမ်းလွမ်းတယ် ..

game






ဘယ်ဘ၀က သူများတွေကို အနိုင်ကျင့်ခဲမိလည်းမသိဘူး
လုပ်မလို့စဉ်းစားရုံရှိသေးတယ် အရှုံးကအဖေါ်နဲ့ကို လာတော့တာပဲ
ဝဋ်တစ်ခုဆိုရင်လည်း ကျေပါတော့ .....

ခုတစ်လော ဘာစာမှလည်းရေးချင်စိတ်မရှိဘူး
စာလည်းဖတ်ချင်စိတ်မရှိဘူး
ဘာမှလည်းမလုပ်ချင်ဘူး
ဘာဆိုဘာမှလည်းဖြစ်ချင်စိတ်မရှိဘူး
ဘယ်သူနဲ့မှလည်းစကားပြောချင်စိတ်မရှိဘူး
တစ်ယောက်တည်းပဲနေချင်တယ်။

Animation

There are a variety of different types of animation that you can incorporate into your web page. In this series of tutorials we look at the basics of getting one or more elements to appear and disappear and to also move around the screen.

ငှက်ကလေး

ကျွန်တော် အရမ်းပျော်တယ်ဗျာ။ ညကိုကောင်းကောင်း အိပ်လို့တောင်မပျော်ဘူးဗျာ။ မနက်ဖြန်မြန်မြန် ရောက်စေချင်ပြီဆိုတဲ့အတွေးနဲ့လေ၊ အပျော်အတွေးတွေနဲ့ မိုးလင်းကာနီးမှ အိပ်ပျော်သွားတော့ မေမေလာနိုးမှ ကျွန်တော် နိုးပြီး အိပ်ရာက ကမန်းကတန်းထရတယ်။ ဖေဖေနဲ့မေမေကျွေးတဲ့ မနက်စာကို စားနေတုန်းမှာ ဖေဖေကကျွန်တော့ကို ` ဒီနေ့... မင်း ကမ္ဘာ့ လောကထဲကို မင်းတစ်ယောက်တည်း စ၀င်ရောက်ရမဲ့နေ့´ တဲ့ ... ဒီစကားကို စပြောတာနဲ့ မေမေဟာ ကျွန်တော့ကို စိတ်မကောင်းတဲ့မျက်နှာ (ငိုမတတ်) ကြည့်နေရှာပါတယ်။ ဖေဖေကတော့ လောကထဲဝင်တဲ့အခါ တွေ့ကြုံရမဲ့ အခက်အခဲတွေ၊ ရင်ဆိုင်ဖြေရှင်းရမဲ့ ပြဿနာတွေ၊ ထားအပ်တဲ့ စိတ်ထားတွေ၊ လုပ်သင့်တဲ့အလုပ်တွေကို မမောနိုင်မပန်းနိုင် (စိတ်မချခြင်း၊ စိုးရိမ်ခြင်းကြီးစွာနဲ့) ပြောဆိုဆုံးမ နေပါတယ်။ ကျွန်တော့တော့ ဖေဖေ ပြောတဲ့စကားတွေကို နားထောင်လိုက် ကျွန်တော် ဖြတ်သန်း ရမဲ့ ဘ၀သစ်လမ်းကို (ဘာအခက်အခဲတွေပဲလာလာ ကျော်လွှားပစ်မယ်ဆိုတဲ့) အတွေးတွေနဲ့ နိမ့်ချည်မြင့်ချည် ဖြစ်နေပါတယ်။ အိမ်နဲ့ခွဲရမှာ စိတ်မကောင်းဖြစ်ပေမဲ့ တွေ့ကြုံရမဲ့ လောကသစ်ကို ပိုလို့ စိတ်ဝင်စားနေမိပါတယ် .... ဒီလိုနဲ့ ဖေဖေနဲ့ မေမေ မောင်နှမတွေကို နှုတ်ဆက်လို့ ဘ၀ကိုစတင်ပျံသန်းပါတော့တယ်..
ကျွန်တော်ကတော့ ဘ၀ကိုစတင်ပျံသန်းချင်းမှာပဲ ပျော်လိုက်တာ.. လွတ်လပ်ပေါ့ပါးလိုက်တာများဗျာ .. လေဟုန်စီးပြီး နေတော့တာပါပဲ .. ဘယ်နေရာကြည့်လိုက်ကြည့်လိုက် စိမ်းလန်းနေတဲ့ လယ်ကွင်းတွေနဲ့ သစ်ပင်တွေ၊ ကြည်လင်နေတဲ့ကောင်းကင်ပြင်ကို ထိုးဖောက်မတတ် မြင်းမားတဲ့ တောင်တန်းတွေ၊ ကမ္ဘာ လောကကြီး တစ်ခုလုံးကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ အစွမ်းကုန် ထွန်းလင်းတောက်ပနေတဲ့ နေမင်းကြီးရယ်၊ အရောင် အသွေး စုံလင်တဲ့ ရောင်စုံပန်းခင်းတွေ၊ ကြည်လင်အေးမြစွာ ငြိမ်းချမ်းရေး တေးသီချင်းကို သီဆိုပြီး စီးဆင်းနေတဲ့ မြစ်၊ ချောင်းတွေ .. အား... သဘာဝတရားကြီးက တကယ်လှလွန်းလို့ အချိန်တွေဘယ်လိုကုန်ပြီး အတောင်တွေ ညောင်းရမှန်းမသိအောင်ကို လွတ်လပ်ပေါ့ပါးစွာ လူးလာခေါက်တုံ ပျံသန်းနေတော့ပါတယ်။ ဆာလာရင် အပင် တွေက အသီးတွေစားလိုက် မြစ်ချောင်းတွေက ရေကိုသောက်လိုက်နဲ့ တကယ်ဗျာ .. ကျွန်တော် ပျော်လွန်းလို့ သီချင်းလေးတောင်ညီးမိပါသေးတယ် ...


အိမ်ကိုတစ်ခါတစ်ခါတော့ သတိရပါတယ်။ ပြီးတော့ ကျွန်တော့မှာ သူငယ်ချင်းတွေလည်း အများကြီး ရလာပြီလေ။ ကျွန်တော့မှာ သူငယ်ချင်းတွေကလည်း အမျိုးစုံ (သစ်တောက်ငှက်၊ ဇရက်၊ ကြက်တူရွေး .. စသည် ပေါ့ဗျာ) သူတို့တွေနဲ့ အုပ်စုတွေဖွဲ့ပြီး ပျံသန်းလိုက်၊ စားသောက်လိုက်နဲ့ အချိန်တွေ ကုန်သွားမှန်းမသိအောင်ကို ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်။ သူတို့ဆီက လေ့လာစရာတွေ သင်ယူစရာတွေ၊ တုယူစရာတွေအများကြီးနဲ့ တစ်နေ့တစ်နေ့ အချိန်ဘယ်လိုကုန်သွားမှန်းမသိပါဘူးဗျာ ..
တစ်နေ့တော့ ကျွန်တော့သူငယ်ချင်းက `ဟေ့ကောင် .. မင်းငါနဲ့လိုက်မလားတဲ့´.. မေးလာတော့ ကျွန်တော်က ဘယ်ကိုလဲ ပြန်မေးတော့ .. လူသားတွေစိုက်တဲ့ စပါးခင်းတွေဘက်ကိုသွားရအောင်တဲ့ .. ကျွန်တော်က တောတောင်တွေ ထဲမှာ ပျော်နေတဲ့ကောင်လေဗျာ .. စပါးခင်းတွေဘက်ကို မသွားဘူးဖူးလေ .. ငယ်ငယ်က မေမေချီလာကြွေးဘူးတယ်.. ကျွန်တော်အရမ်းကြိုက်တော့ ... ခုသူငယ်ချင်းပြောတဲ့ စပါးစေ့လေးတွေကို ကျွန်တော် သွားစာချင်တယ်.. ဒါပေမယ့် .. ဖေဖေက လူသားတွေရှိတဲ့နေရာက အရမ်းအန္တရာယ်( ရုပ်ဆိုးဆိုး အရုပ်ကြီးတွေ၊ လောက်စာလုံးတွေနဲ့) များတယ်ပြောဘူးထားတော့လည်း သွားရမှာကြောက်နေမိတယ် . ဒီလို ကျွန်တော် ဇဝေဇ၀ါ (သွားလည်းသွားချင်. သွားလည်းမသွားရဲ) ဖြစ်နေတုန်းမှာ .... သူငယ်ချင်းက ` မင်းကြောက်ရင် လည်း နေခဲ့ကွာ ´ ဆိုတဲ့စကားတစ်ခွန်းကြောင့် ကျွန်တော်မခံချင်စိတ်နဲ့ လိုက်သွားခဲ့တယ်။ စပါးခင်း အပေါ်ဘက် ရောက်ပြီး စပါးပင်တွေမြင်တော့ဗျာ ဖေဖေပြောတဲ့ ကြောက်စရာ မျက်နှာနဲ့ အရုပ်ကြီးကိုလည်း မကြောက်နိုင်တော့ပါဘူး ..ဆင်းပြီးစားပစ် လိုက်တာ .. စားကောင်းကောင်းနဲ့ စားလိုက်တာ ဗိုက်ကိုတင်း သွားရောဗျာ .. ဗိုက်တင်းလို့ ဇိမ်ယူနေတုန်း ရှိသေးတယ် .. ကျွန်တော်တို့စားတဲ့လယ်ကွက်က လယ်ပိုင်ရှင် (လူသား) က လူသားအခေါ် (လေးခွ) နဲ့ ပစ်လို့ ထပျံပြေးလိုက်ရတာဗျာ .. စားထားတာလေးတောင် ဘယ်ရောက် သွားမှန်းမသိဘူး .. ဒါနဲ့တောင် ကျွန်တော့ ခြေထောက်ကို လောက်စလုံးထိသွားလို့ တော်တော် အီသွားတယ် .. တစ်ပတ်လောက်တောင် ခြေထောက်ကောင်းကောင်း မထောက်နိုင်ဘူး ဖြစ်သွားတယ်.. ဒါကြောင့်ဖေဖေက ပြောတာ အရမ်းအန္တရာယ်များ တယ်လို့ .. ကျွန်တော် လောက်စလုံး မထိခင်ကတည်းက ခဏခဏ ကြားဖူး၊ မြင်ဖူး တာတွေရှိပါတယ်။ လူသားတွေစိုက်တဲ့ လယ်ကွင်းတွေထဲသွားတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေဆို ကျိုးတဲ့ သူကျိုး၊ သေတဲ့သူသေနဲ့ အမျိုးမျိုးပါဗျာ .. လူသားတွေဟာ ကျွန်တော်တို့ကို မြင်တာနဲ့ (နည်းမျိုးစုံ) သုံးပြီး ထောက်ချောက်ဆင်ပြီး ဖမ်းဖို့ကြိုးစားကြ တာပါပဲ ..
ဒါကြောင့် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ် .. လူသားတွေရှိတဲ့ လယ်ကွင်းတွေဘက်ကို ဘယ်တော့မှ မသွားတော့ဘူးလို့ .. ကျွန်တော် နှစ်သက်သဘောကျမြတ်နိုးတဲ့ တောတောင် သစ်ပင်တွေ၊ စိမ်းလန်းတဲ့ ရှုခင်းတွေ၊ လှပတဲ့ပန်းခင်းတွေ၊ ခင်မင်ပြီးချစ်ဖို့ကောင်းတဲ့ ကျွန်တော့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ပဲ ကျွန်တော့ ဘ၀ကို .................
ညီမယု အတွက် ... ငှက်တစ်ကောင်ရဲ့ စိတ်ကူးယဉ်မှုပါ .. ...

Photobucket

;;