ကျနော့်မှာ စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်တဲ့ ဦးနှောက်လည်းရှိပါတယ်။ ဆုံးဖြတ်ပြီးရင်လည်း လုပ်တတ်တဲ့၊ လုပ်လည်းလုပ်ပစ်တဲ့ အကျင့်လည်းရှိပါတယ်။ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်အကောင်းဆုံး စိတ်ထားနဲ့ လုပ်ပေးပြီးရင်လည်း စိတ်ကို ပြတ်သားအောင်ထားတတ်တဲ့ အကျင့်လည်းရှိပါတယ်။
ဒါပေမယ့်ဗျာ
သူ့ကိုကျတော့ ဘာကြောင့် မမေ့နိုင်သလဲ။ အဝေးဆုံးမှာနေဖို့ ဘာကြောင့် မကြိုးစားနိုင်သလဲ။ ဘာကြောင့် ဒီအမှောင်ထဲကနေ ရုန်းထွက်ဖို့ မကြိုးစားသလဲ။ သစ်ပင်ကို ကိုယ့်လက်နှစ်ဖက်နဲ့ ပိုက်ထားပြီး သစ်ပင်ကနေ လက်ကိုနှုတ်လို့မရလို့ သစ်ပင်ကို ခုတ်ပေးပါလို့ အော်နေတဲ့ အရူးတစ်ယောက်လို ဖြစ်နေသလဲ။ လွတ်လမ်းကို သိနေရဲ့သားနဲ့ ဘာကြောင့်များ လမ်းမရှိဘူးလို့ မျက်စိစုံမှိတ်လို့ အော်နေပါသလဲ။ ဘာကြောင့်များ ... ဘာကြောင့်များ.. ဘာကြောင့်များ
0 Comments:
Subscribe to:
Post Comments (Atom)