1

သီလကိုလုံခြုံအောင် စောင့်ထိန်းနိုင်သဖြင့် သီလရှိလာသည်နှင့်အမျှ သီလရှိသူ၏ တောင့်တမှုဟူသမျှသည် ပြည့်စုံ၏။
Myspace Layouts

၂၀၀၈ ကုန်ဆုံးလို့ ၂၀၀၉ နှစ်သစ်ရောက်ပြန်ပြီပေါ့... ၂၀၀၈ ခုနှစ်အတွင်းမှာ ကိုယ့်ကိုကိုယ် ပြန်မေးခွန်းတွေထုတ် ကြည့်ပြီးတော့ ကျမစိတ်ထဲမှာ မလုပ်နိုင်ခဲ့တဲ့အရာတွေကို တွေ့ရတယ်။ အဲဒါတွေအားလုံးကို ကုန်ဆုံးသွားတဲ့ ၂၀၀၈ နှစ်နဲ့ အတူ မြေမြှပ်သင်္ဂြိုလ်ပစ်ဖို့ ဈာပန အခမ်းအနားတစ်ခု လုပ်လိုက်ဖို့စိတ်ကူးရပါတယ်။ အခမ်းအနား လုပ်တယ် ဆိုတဲ့နေရာမှာ (ကိုယ်သာဇတ်လိုက် ကိုယ်သာ ပရိတ်သတ်) ပါ။

မိဘ၊ မောင်နှမ နှင့်ဆွေမျိုးသားချင်းတွေအပေါ်မှာ ဂရုစိုက်မှု၊ သိတတ်မှု နည်းခဲ့ပါတယ်။
အပြောင်းအလဲတစ်ခုကိုလုပ်ဖို့အတွက် အမြဲတန်းတွေဝေတတ်ပါတယ်။ တွေဝေတယ်ဆိုရာမှာ (ဘာကိုကြောက်မှန်း မသိကြောက်နေတတ်ပြီး ဆုံးဖြတ်ချက်ကို မြန်မြန်နှင့် မှန်မှန် မချနိုင်ခဲ့ပါဘူး)
အဆင်မပြေမှုတွေနဲ့ တွေ့လာတဲ့အခါတိုင်း စိတ်ဓါတ်ကျလွယ်ပြီး စကားပြောတာလည်း ယဉ်ကျေးမှုမရှိဘဲ မိုက်ရိုင်းတတ်ပါတယ်။ အမြဲတမ်းလိုလိုပဲ တစ်ယောက်တည်းနေတဲ့ အချိန်တွေများလာပါတယ်။
စိတ်ခံစားမှုကို အမြဲဦးစားပေးတတ်ပါတယ်။ (လုပ်သင့်သည်၊ ဖြစ်သင့်သည်ကို သိလျက်သားနဲ့ မလုပ်ပဲ) အသိခေါက်ခက်အ၀င်နက်ပြီး စိတ်မှာဖြစ်တဲ့အတိုင်းနေတတ်၊ ပြောတတ် ပါတယ်။
ကျန်းမာရေးကို နည်းနည်းမှ ဂရုမစိုက်ပဲ နေချင်သလိုနေထိုင်တတ်ပါတယ်။

ထိုအားနည်းချက်များအား ၂၀၀၈ ခုနှစ်နှင့်အတူ မြေမြှပ်သဂြိင်္ုလ်လိုက်ပါတယ်။
ကျမမလုပ်နိုင်ခဲ့သောအရာများသည် ထာဝရငြိမ်းချမ်းစွာ နားနေအိပ်စက်နိုင်ပါစေ။
ကွယ်လွန်သောနေ့
၃၁.၁၂.၂၀၀၈ ည ၁၂း ၀၀

0 Comments:

Post a Comment